Главная
Загрузить
Каналы
F.A.Q.
Документация
Контакты
Popular Journal
@popularjournal
Подписчиков
38.3K
Подписчиков за неделю
200
Просмотров за неделю
107K
https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial
Участники за неделю
Просмотры за неделю
Похожие каналы
WarJournal [Z]
Telegram: Contact @trading_journal
CryptoNekoZ Journal
Bible Journaling com Amanda Bravo
WarJournal
Тэги каналов
PUBGINDIA
𝐒𝐔𝐑𝐏𝐑𝐈𝐒𝐄𝐃𝐀𝐘
المتطوعة
البيت_السابعv
джефмилашка
donne
حضوری
ترحیم
Tipps und Tools
школьныйзавтрак
Подписчиков от
до
Просмотров от
до
Искать
Popular Journal
မြန်မာ-တရုတ် နှစ်နိုင်ငံအရေးကြီးသည့် စီမံကိန်းများအရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ရန်ဆွေးနွေး
…….တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦး တင်မောင်ဆွေမှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၊အာရှရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ် မစ္စတာလျှိုကျင်းဆုံ အား ဇန်နဝါရီ ၁၀ ရက်နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်၊နှစ်နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရန်တို့အား ဆွေးနွေးခဲ့ကြသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/?p=98342
Popular Journal
ယူကရိန်း၊ အီရန်နှင့် ဗြိတိန်တို့နှင့်သက်ဆိုင်သော ထောက်လှမ်းရေးသတင်းများကို ဘိုင်ဒင် ဒုသမ္မတဖြစ်နေစဉ်ကတည်းက ယူငင်ဖတ်ရှုခဲ့ကြောင်း သိရ
ဂျိုးဘိုင်ဒင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက သူ၏ရုံးခန်းကို တာဝန်ရှိသူတို့က ရှာဖွေစစ်ဆေးခဲ့ရာတွင် ယူကရိန်း၊ အီရန်နှင့် ဗြိတိန်နိုင်ငံတို့နှင့် သက်ဆိုင်သည့် အမေရိကန်ထောက်လှမ်းရေးမှတ်စုများနှင့်၊ စာရွက်စာတမ်းများအပါအဝင် အမျိုးအစား ၁၀ ခုခွဲခြားထားသော အထူးကန့်သတ်ထားသည့် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တွေ့ရှိခဲ့ကြောင်း CNN သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။
ယင်းတို့နှင့်ပတ်သက်၍ စာရွက်စာတမ်းများ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ ပဏာမ အစီရင်ခံစာကို လက်ခံရရှိထားပြီးဖြစ်ကာ၊ ယင်းစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန် ရှိမရှိအပါအဝင် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ဆိုသည်တို့အပေါ် အရေးကြီးသည့် ဆုံးဖြတ်ချက်ချရန်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Merrick Garland ကပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/?p=98339
Popular Journal
ထိုင်းနိုင်ငံတွင် မြန်မာ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် Mobile Team ဖြင့်ဆောင်ရွက်ပေးမည်
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် Mobile Team ဖြင့်ဆောင်ရွက်ပေးသွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ သိရသည်။
မြန်မာသံရုံးသို့ ထပ်မံရောက်ရှိလာသည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့် Mobile စက် ၂ စုံဖြင့် ပြုလုပ်ရန်ကျန်ရှိသော အင်အား ၁၀၀၀ ဦးနှင့်အထက်ရှိသည့် စက်ရုံများသို့ Mobile Taem ၂ ဖွဲ့ခွဲကာ အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/?p=98319
Popular Journal
ဆန်သိုလှောင်ရုံ၌ တစ်နာရီနီးပါးခန့်ကြာ မီးလောင်မှု မြောင်းမြမြို့နယ်တွင်ဖြစ်ပွား
ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊ကွယ်လွယ်ကျေး ရွာရှိ ဆန်သိုလှောင်ရုံ၌ ဇန်နဝါရီ ၁၁ ရက်(ယနေ့)နံ နက်အစောပိုင်းက တစ်နာရီနီးပါးခန့်ကြာ မီး လောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်ခန့်က မြောင်းမြမြို့နယ်၊ကွယ်လွယ်ကျေးရွာ၊မြနန္ဒာရပ် ကွက်ရှိ ဆန်သိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/?p=98322
Popular Journal
ချို့ယွင်းမှုတစ်ခုကြောင့် ဗြိတိန်၏ ပထမဆုံး ဒုံးပျံမစ်ရှင် ကျရှုံး
ချို့ယွင်းမှုတစ်ခုကြောင့် ဗာဂျင်အော်ဗစ် ဒုံးပျံသည် ကမ္ဘာပတ်လမ်းကြောင်းသို့ မရောက်ရှိခဲ့သည့်အတွက် ဗြိတိန်၏ ပထမဆုံးသော အာကာသမစ်ရှင်မှာ ကျရှုံးသွားကြောင်း သိရသည်။
ဗာဂျင် လောင်ချာဝမ်း ဒုံးပျံကို သယ်ဆောင်ထားသော ကောစမစ်ဂဲလ် ဟုအမည်ပေးထားသည့် ဗာဂျင်အော်ဗစ်၏ ဘိုအင်း ၇၄၇ ဂျက်လေယာဉ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနောက်ဘက် ၂၄၅ မိုင်အကွာရှိ ကွန်းဝေါခရိုင် နူးကွေးမြို့တွင် ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ဂြိုဟ်တု ၉ လုံးကို တင်ဆောင်ထားသော အဆိုပါဒုံးပျံသည် လွှတ်တင်မှု ကျရှုံးသွားပြီးနောက် လေထုအတွင်း လောင်ကျွမ်းသွားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးပျံသည် ရေထဲသို့ ဆင်းသက်မည်ဟု ခန့်မှန်းထားသော်လည်း ကမ္ဘာမြေသို့ ပြန်ဝင်လာစဉ် လေထုအတွင်း အပူဒဏ်ကြောင့် လောင်ကျွမ်းသွားခဲ့ကြောင်း နူးစ်စိုင်းယန့်စ်တစ် သတင်းဌာနက ဖော်ပြထားသည်။
ညသန်းခေါင် ရောက်ခါနီးအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ တာဝန်ရှိသူတစ်ဦးက ဒုံးပျံသည် ပတ်လမ်းကြောင်းသို့ မရောက်ရှိမီ ချို့ယွင်းတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုလွှတ်တင်မှုသည် ဗြိတိန်မြေမှ ပထမဆုံး ဒုံးပျံလွှတ်တင်မှုဖြစ်ရုံသာမက ဂြိုလ်တုများကို ဥရောပမှ ပထမဆုံးအကြိမ် လွှတ်တင်ခြင်းလည်း ဖြစ်သည်။
ဒုံးပျံလွှတ်တင်မှုအား ရာနှင့်ချီသော ပရိသတ်များက ကွန်းဝေါလေဆိပ်မှ စောင့်ကြည့်ခဲ့ကြသည့်အပြင် တိုက်ရိုက်တင်ဆက်မှု အစီအစဉ်မှလည်း လူပေါင်း ၇ သောင်း ၅ ထောင်ကျော် ကြည့်ရှုခဲ့ကြောင်း သိရသည်။
Source: Independent
Popular Journal
Popular Journal
Popular Journal
အမျိုးသမီးသူတော်စင်တွေတရားအားထုတ်တဲ့ ထေရီမတို့ရွာကို သွားရောက်လှူဒါန်းခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ်မေသင်းကြည်
#PopularJournal
#PopularMyanmar
https://youtu.be/vH4dV6C6Shw
YouTube
အမျိုးသမီးသူတော်စင်တွေတရားအားထုတ်တဲ့ထေရီမတို့ရွာကိုသွားရောက်လှူဒါန်းခဲ့တဲ့အလှမယ်မေသင်းကြည်
ဝိပဿနာတရားအားထုတ်တဲ့နေရာတွေကတော့ အများကြီးရှိတာပေါ့ အမျိုးသမီးသီးသန့်နေရာကကျတော့ရှားတယ်လေ ဒါကကျတော့ထေရီမတို့ရွာပေါ့ အမျိုးသမီးသီးသန့် ဆရာလေးတွေတရားအားထုတ်ကြတဲ့နေရာပေါ့ ဒီနာမည်လေးကိုမြင်ကတည်းကစိတ်ဝင်စားတာ လှူချင်စိတ်တွေအရမ်းဖြစ်ပြီး ၃ရက်အတွင်းချက်ချင်းစီစ…
Popular Journal
👉
ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
👉
တရုတ်နိုင်ငံသားများအပေါ် ခွဲခြား ဆက်ဆံသည့်တောင်ကိုရီးအား တရုတ်က ကာလတိုဗီဇာထုတ်ပေးမှုရပ်ဆိုင်း
👉
မိမိရပ်တည်ချက်ကို အမှားအမှန် ခွဲခြားဆင်ခြင်ကာ ပြည်သူတရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း
👉
ဆယ်စုနှစ် ၂ စု အတွင်း အိုဇုန်းလွှာ လုံးဝပြန်လည်ကောင်းမွန်လာမည် ဟုကုလသမဂ္ဂ ဆို
👉
ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် ဘန်ကောက်သို့ ရောက်လာသည့် အောင်လအန်ဆန်
👉
လုံခြုံရေးပူးပေါင်းမှု ပိုမိုလုပ်ဆောင်ရန် ပြင်သစ်နှင့် ဂျပန်တို့ ကတိကဝတ်ပြု
👉
နိုင်ငံ၏ကောင်းကျိုးအတွက် တိုင်းရင်းသားအားလုံး၏ ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌတိုက်တွန်း
👉
ကမ္ဘောဒီးယားကာစီနိုမီးလောင်ကျွမ်းမှုကြောင့် နစ်နာခဲ့ရသူများအားလျော်ကြေးပေးမည်
👉
ဘရာဇီးသမ္မတဟောင်းအူလမ်းကြောင်း ပိတ်ဆို့မှုဖြင့် ဆေးရုံတက်နေရဟုဆို
👉
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင်မှတ်ပုံတင်၍ ဖြန့်ဖြူးအသုံးပြုနိုင်ရန် ဆွေးနွေး
👉
မြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း ကစားသမားသစ်များရွေးချယ်
👉
မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးပါရန် Golden Heart Animal Rescue ဂေဟာ မေတ္တာရပ်ခံ
👉
ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့်အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားတို့အား မြန်မာသံရုံး၊ ဘာလင်မြို့၏ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းတက် ရောက်
👉
ဧရာဝတီတံတား(ရတနာပုံ)၏ တံတားခံနိုင်ဝန်စမ်းသပ်မည်ဖြစ်၍ ယနေ့ည ဖြတ်သန်းခွင့်ယာယီပိတ်
Popular Journal
🌏
10.1.2023 သတင်းအစုံအလင်
🌏
👉
ယနေ့နံနက်အစောပိုင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ် ၂ ခုတွင် မီးလောင်မှုများဖြစ်ပွား
👉
မြန်မာ - အိန္ဒိယ ကူးသန်းသွားလာရေးကုလားတန်စီမံချက်အတွက် စီမံချက်စီမံခန့်ခွဲမှုအတိုင်ပင်ခံအသစ်နှင့် မျှော်လင့်ချက်အသစ်
👉
UEC သည် ရွေးကောက်ပွဲအား အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ ကော်မရှင်၏သိက္ခာ၊နိုင်ငံ၏ဂုဏ်သိက္ခာကို မထိခိုက်စေရေးအတွက် အ မှား မရှိစေရန် သတိမူရမည်ဟု UEC ဥက္ကဋ္ဌပြော
👉
Online မှတဆင့်ကြော်ငြာနေသည့် လောင်းကစားဂိမ်းများအား အရေးယူသွားမည်
👉
မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် အောက်မေးရိုးပြိုကျပျက်စီးခဲ့သည့် ဆင်ဖြူတော်ရုပ်ထုအား ပြင်ဆင်ပြီးစီး
👉
အင်ဒို၌ ၇ ဒသမ ၆ ရစ်ခ်တာစကေးရှိ ငလျင်လှုပ်၊ဩစတြေးလျ ထိ အဆိုပါ
ငလျင်၏တုန်ခါမှုကိုခံစားရဟုဆို
👉
အမြန်လမ်းတွင် ညအချိန် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်များ ခရီးသွားများအတွက် အခက်အခဲဖြစ်နေဆဲ
👉
ဘောလုံးလောကကနေ နာမည်ကျော် တိုက်စစ်မှူး ဂါရတ်ဘေးလ် အနားယူ
👉
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်သည့်အမျိုးသားအား တာချီလိတ်ဘက်ခြမ်းတွင် မြန်မာရဲ ဖမ်းဆီးရမိ
1
2
3
4
5
6
7
8
9
10
»
506637
Каналов
2365983
Сообщений